Monday, October 15, 2012
Windows အတက်မှာပေါ်ပေါ်လာတဲ့ Program Box တွေကိုမမြင်ချင်ရင်
တကယ်တော့ကျွန်တော်လဲ ခလုတ်ထိမှ အမိတ တာပါ။ ကျွန်တော်လဲဒီလိုဖြစ်လို့ Google မှာမွှေပြီး ပြန်မျှဝေလိုက်တာ ^_^ ကျွန်တော်နဲ့ ဘ၀တူတဲ့လူတွေလဲသုံးလို့ ရတာပေါ့။Window တက်လာတဲ့အချိန်မှာ Window နဲ့ အတူ Program
တွေအများကြီးတက်လာတာဖြစ်ဖူးကြမှာပါ။ပြီးရင် အဲ့ဒါတွေလိုက်ပိတ်ရတာလဲ တစ်လုပ် ကိုယ့်သုံးလေ့သုံးထရှိတဲ့ဟာ
ဆိုလဲတော်သေး ခုဟာက အစုံတက်လာတော့ လိုက်ပိတ်ရတာအလုပ်ရှုပ်တာပေါ့။ အဲ့ဒီအတွက် လွယ်ကူစွာဖြေရှင်းနိုင်
မယ့် နည်းလမ်းကောင်းလေးကတော့……
အရင်ဆုံး Keyboard မှ Ctrl Key နဲ့ R ကိုတွဲနှိပ်ပြီး RunBox ကိုဖွင့်လိုက်ပါ 
 ပြီးရင်အဲ့ Run Box ထဲမှာ msconfig လို့ရိုက်ပြီး Enter ခေါက်ပေးလိုက်ပါ System Configuration Box လေးပေါ်လာပါမယ်
အတူမတက်စေချင်တဲ့ Program လေးတွေကို အမှန်ခြစ်လိုက်ဖြုတ်ပေးလိုက်ပါ။ ပြီးရင် Apply ကိုနှိပ် Restart ချဖို့ လိုမယ်ဆိုပြီး Warning Box လေးတက်လာရင် Restart Buttom လေးကိုနှိပ် Restart ချပေးလိုက်ပါ။ Windows ပြန်တက်လာရင်တော့ကိုယ် မတက်စေချင်တဲ့ program တွေ Window နဲ့ အတူမတက်လာတော့ဘူးဆိုတာတွေ့ ရပါလိမ့်မယ်
No comments:
Post a Comment
သင်တို့ ၏ ဝေဖန်အကြံပြုမှုများ အတွက် ကျေးဇူးအထူး တင်ပါသည်။