Root မလုပ်ခင်လေ့လာစရာ >>ဒီလင့်လေးတွေမှာကြည့်ပါ။ Link 1 Link 2
Huawei U8812D ဖုန်းလေးဟာ ဈေးနှုန်းသင့်တင့်ပြီး Hardware ပိုင်အလွန်ကောင်းမွန်တဲ့ဖုန်းလေးပါ။ဒီဖုန်းလေးဟာ ထွက်ထွက်ချင်းမှာ မြန်မာဖောင့် မရခဲ့တဲ့အတွက် User တွေစိတ်ညစ်ခဲ့ရပါတယ်။
အရင်ဆုံးလိုအပ်တဲ့ ဖိုင်လေး ဒီမှာ ဒေါင်းလိုက်ပါ။ ဒေါင်းပြီးရင် ရလာတဲ့ဖိုင်ကိုတစ်နေရာမှာဖြည်ထားလိုက်ပါ။
ပထမအဆင့်>>ကိုယ့်ဖုန်းကို Computer ကသိအောင် Driver သွင်းရပါမယ်။ Driver သွင်းဖို့ အတွက်ဖုန်းကို Battery ခဏဖြုတ်ပါ။ Computer နဲ့ ချိတ်ပါ ပြီးမှ Battery ပြန်တပ်ပါ။ Driver တောင်းပါလိမ့်မယ်။အဲဒါဆို Device manager ကိုခေါ်ပါမယ်။ Device manager ခေါ်ဖို့ ဒါဆို Keyboard မှ Windows key နဲ့ R ကိုတွဲနှိပ် ဒါရိုက်ပြီး devmgmt.msc Enter နှိပ်လိုက်ပါ (သို့ ) Control Panel>>Device manager ကိုနှိပ်ပါ။ Device Manager ကိုရောက်ရင် Other ဆိုတဲ့ Tab လေးအောက်မှာအ၀ါရောင်အမှတ်အသားလေးနဲ့ MT657xx ဆိုတာလေးတွေ့ ပါမယ်။အောက်ပုံ
(CDC Serial လို့ ပေါ်နေရင်တစ်ခေါက်ပြန်လုပ်ပါ) အဲဒီအ၀ါရောင်လေးကို Right Click နှိပ် Update Driver Software >>Browse my computer for Driver Software>> ဒေါင်းထားတဲ့ဖိုင်ထဲက (6575xxx\Usb driver\ကိုယ့်အသုံးပြုနေတဲ့ Window Os ) ကိုလမ်းကြောင်းပေးလိုက်ပါ။ ထို့ နောက် Next နှိပ်ပါ Box တစ်ခုပေါ်လာရင် install this driver software anyway ကိုနှိပ်ပေးလိုက်ပါ Windows has successfully updated your driver software လို့ ပေါ်လာရင် Driver သွင်းလို့ ပြီးပါပြီ။ စပယ်ယာပဲကျန်ပါတော့တယ် အဲယောင်လို့ ^_^ ဆက်မယ်နော်။
ဒုဆိယအဆင့်>>ဒေါင်းပြီးဖြည်ထားတဲ့ဖိုင်ကိုဖွင့်အဲထဲက SP Flash Tool>>Flash Tool.exe လေးကို Run လိုက်ပါ။ထို့ နောက် Scatter-loading ဆိုတာလေးကိုနှိပ်လိုက်ပါ။အောက်ပုံတွင်ကြည့်ပါ။
နောက် MT6575_Android_scatter_emmc ဆိုတာလေးကိုရွေးပြီး Open လိုက်ပါ။အောက်ပုံအတိုင်းပေါ်လာရင် Download ဆိုတာကို နှိပ်ပေးလိုက်ပါ။ Not all image......ဆိုတာပေါ်လာရင် YES ရွေးပေးပါ။
ပြီးရင်တော့ ဖုန်းကို Computer နဲ့ ချိတ်ပါ။ အနီတန်းလေးပေါ်ပါမယ်နောက်အ၀ါတန်းလေးပေါ်ပါမယ်နောက်ဆုံး Green circle အစိမ်းရောင်စက်ဝိုင်းနဲ့ Box တစ်ခုပေးလာရင်တော့ပြီးပါပြီ။ Root လုပ်ဖို့ အတွက် UnlockRoot ဒေါင်းပါ Computer မှာသွင်းထားပါ။ဖုန်းကို Usb Debug On ပြီး Computer နဲ့ ချိတ်ပါ။ဒေါင်းပြီးသွင်းထားတဲ့ Tool ကိုဖွင့်၍ Root ကိုနှိပ်ပြီး Root ပေးလိုက်ပါ သူဟာသူ Root ပါလိမ့်မယ်။ ဒါဆိုရင်တော့ Root လို့ ပြီးပါပြီ။
မြန်မာဖောင့်ထည့်နည်းကို ဒီမှာ ကြည့်ပါ
အခု Credits ပေးတာတွေက ခေတ်စားနေတော့ကျွန်တော်လဲ Credits ပေးလိုက်ပါတယ် Credits to ဆိုင်ရာပိုင်ရာသက်ဆိုင်ရာပုဂ္ဂိုလ်
No comments:
Post a Comment
သင်တို့ ၏ ဝေဖန်အကြံပြုမှုများ အတွက် ကျေးဇူးအထူး တင်ပါသည်။