Thursday, October 18, 2012

Bluetooth ထက်ဖိုင်တွေ Share တာမြန်တဲ့ Zapya App


Bluetooth တွေထက် Share လုပ်ရတာမြန်တဲ့ App လေးပါ။သူက Bluetooth ထက် Sharing လုပ်တာ အဆပေါင်းများစွာမြန်ပါတယ်။ Size ကြီးမားတဲ့ဖိုင်တွေကိုတောင် စက္ကန့်ပိုင်းအတွင်း ပို့ပေးနိုင်ပါတယ်။ဒီကောင်လေးသုံးပြီး Sharing လုပ်မယ်ဆိုဖုန်းနှစ်လုံးစလုံးကို ဒီ App လေးသွင်းထားဖို့ လိုပါမယ်။သူက Bluetooth လိုမျိုး လှိုင်းတိုလွှတ် Share တာ မဟုတ်ဘဲ Wifi လိုမျိုး နက်ဝေါ့ခ်တစ်ခု ပြုလုပ်ပြီး Share တာဖြစ်တဲ့အတွက် ပိုမိုမြန်ဆန်ပါတယ်။အချိန်ကုန်လဲသက်သာတာပေါ့။စာဖတ်သူတွေလဲ ဖိုင် Size အကြီးကြီးတွေ Movie တွေ Share ချင်ကြတာပေါ့ ဟုတ်တယ်မှတ်လားဒါပေမဲ့ Blutooth လေးနဲ့ ဆိုတော့ Movie လေးတစ်ခု Share ပြီးကြည့်ရဖို့ အရေးအကြာကြီးစောင့်ရမှာ ဒီ App လေးသာသုံးလိုက်
ဒီလိုပြဿနာတွေ ပြေလည်ပြီပေါ့။ပြီးတော့နောက်တစ်ခုက ကိုယ့်က App လေး ဂိမ်းလေး တွေကို သူငယ်ချင်းကို Share ချင်တယ်ဒါပေမဲ့ ကိုယ့်ဆီမှာကအဲ့ App,ဂိမ်းရဲ့  .Apk(installer) ဖိုင်ကမရှိဘူးဆိုရင် သွားပြီပေါ့ပို့လို့မရတော့ဘူး။အဲလိုမျိုးဆိုဒီ App လေးသွင်းပြီးသာ Share ကိုယ့်ဆီ မှာ Apk ဖိုင်နဲ့ မရှိပဲ Share လိုက်ပေမယ့် လက်ခံတဲ့လူဆီမှာ apk ဖိုင်လေးဖြစ်သွားရော မိုက်တယ်နော် ^_^ ပြီးရင်သူ့ထဲမှာပါတဲ့ ဂိမ်းတွေလဲ အမိုက်စား ဖုန်းနှစ်လုံးချိတ် ဆော့လို့ ရတဲ့ဂိမ်းတွေ........အရမ်းမိုက်တယ် စမ်းသုံးကြည့်လိုက်ပါ။အောက်မှာ Share ပုံလေးတွေကိုလဲ Screen shot တင်ပေးထားပါတယ်။
 
  

ဂိမ်းဆော့ဖို့ ပဲဖြစ်ဖြစ် File Share ဖို့ပဲဖြစ်ဖြစ် အရင်ဆုံး Connect to friends ကိုနှိပ်ပါ။ ^ အပေါ်ပုံအတိုင်းရောက်သွားရင် ကိုယ်က Server လုပ်ချင်တယ်ဆို Creat Group ကိုနှိပ်ပါ။သူများဖွင့်ထားတာကို ချိတ်မယ်ဆို Search and join ကိုနှိပ်ပါ။Creat Group ကိုနှိပ်ရင် Waiting for friend ဆိုပြီးတခြား Devices တစ်ခုကိုဆောင့်ပါမယ်။ Search and join နှိပ်ရင် သူငယ်ချင်းဖွင့်ထားတဲ့ နက်ဝေါ့ကိုရှာပါမယ် ဖွင့်ထားတာရှိရင်ပေါ်လာမယ် ပ်ါလာတဲ့သူငယ်ချင်းနက်ဝေါ့ကိုချိတ် Game ဆော့လို့ Share လို့ရပါပြီ။ချိတ်ဆော့ဖို့ဂိမ်းလေးတစ်ခုပါထည့်ပေးထားပါတယ်.....ကြိုက်ကြမယ်ထင်ပါတယ်....စိတ်ကျေနပ်တယ်ဆိုရင် Like  လေးတစ်ချက်လောက်တော့ပေးသွားနိုင်ပါတယ်။........

Zapya App ဒေါင်းရန် (၁)
Zapya App ဒေါင်းရန် (၂)
Zapya App Newest Version ဒေါင်းရန်

No comments:

Post a Comment

သင်တို့ ၏ ဝေဖန်အကြံပြုမှုများ အတွက် ကျေးဇူးအထူး တင်ပါသည်။