လဲ Viber ရှိဖို့ တော့လိုပါတယ်။အခု ဒီ App ကိုသွင်းပြီး အသုံးပြုလို့ ရအောင် Active လုပ်နည်းလေးဖော်ပြပေးပါမယ်။
အရင်ဆုံး Viber App ကို ဒီမှာ ဒေါင်းပါ။ဒေါင်းပြီးရင် ဖုန်းထဲမှာ Install လုပ်လိုက်ပါ။
နောက် သုံးလို့ ရအောင် Active လုပ်နည်း စပါမယ်။ လုပ်လို့ လွယ်အောင်အောက်မှာလဲ ပုံလေးတွေနဲ့ ပြပေးထားပါတယ်။
Active လုပ်ဖို့ လဲ Internet Access လိုပါတယ်။ Wifi (သို့ ) ဖုန်းအင်တာနက် ကိုဖွင့်ပါ။ပြီးရင် Viber ကို ရှာဖွင့်လိုက်ပါ။စစချင်း Continue ဆိုတဲ့ဟာလေးနှိပ်ပေးလိုက်ပါ။အောက်ကပုံထဲကအတိုင်းရောက်သွားပါမယ်။ရောက်သွားပြီဆိုရင် Phone number ဆိုတဲ့ Box လေးထဲမှာ မိမိ ဖုန်းနံပါတ်ကို ရိုက်ပေးရမှာပါ။ရိုက်တဲ့ နေရာမှာ ဖုန်းနံပါတ်က 09420........ဆိုရင် ရှေ့ ဆုံး 0 ကိုဖြုတ်၍ 9....မှစရိုက်ရမည်ဖြစ်သည်။
ရိုက်ပြီးသွားရင် Continue ကိုနှိပ်ပါ။ အဲဒါဆို Viber ကနေ Active Code တစ်ခုကို Massage ပို့ ပေးပါလိမ်မယ်။ Massage ရောက်လာရင် ထို Massage ထဲမှ Code ကို အောက်ပုံမှာပါတဲ့ အတိုင်း Enter Code Here ဆိုတဲ့ Box လေးထဲမှာထည့်ပေးလိုက်။
အကယ်၍ ၁မိနစ် အတွင်း Masssage မရောက်လား ဘူးဆိုရင် အနီနဲ့ ဝိုင်းပြထားတဲ့ Click Here ဆိုတဲ့ဟာလေးကို နှိပ်ပါ။ Webpage တစ်ခုကိုရောက်သွားပါလိမ့်မယ်။ အဲကိုရောက်သွားရင် Get Code ဆိုတာလေးနှိပ်ပေးပါ။ ခဏနေရင်ဖုန်းတစ်ခုဝင်လာပြီး Active Code ကိုပြောပေးပါလိမ့်မယ် မှတ်ထားလိုက်ပါ။ ပြီးရင် Viber ဆီပြန်သွား Enter Code Here နေရာမှာ ခုနကမှတ်ထားတဲ့ Code လေးထည့် Enter Viber ကိုနှိပ် ဒါဆို Viber ကို Active လုပ်လို့ ပြီးပြီဖြစ်တဲ့အတွက်သုံးလို့ ရပါပြီ။
Thank 4 All
ဘာဘာ,ဘာမှမသိသေးတဲ့ KOThu
No comments:
Post a Comment
သင်တို့ ၏ ဝေဖန်အကြံပြုမှုများ အတွက် ကျေးဇူးအထူး တင်ပါသည်။