Monday, October 15, 2012

Galaxy Ace GT S5830i ကို Root /Unroot လုပ်မယ် CWM သွင်းမယ်


Root မလုပ်ခင်လေ့လာစရာ>> Link 1 , Link 2
အရင်ဆုံးလိုအပ်တဲ့ဖိုင်လေးတွေဒေါင်းထားလိုက်ပါ။
For Root Download
For Unroot Download
CWM For Ace S5830i Download
လိုတာလေးတွေရပြီဆိုရင်တော့လုပ်ငန်းစမယ်နော်


Root လုပ်နည်း
Root လုပ်ဖို့ အတွက်ဒေါင်းထားတဲ့ ဖိုင်လေးကို SD card ထဲထည့်ပါ။
Phone ကို Power ပိတ်လိုက်ပါ။Recovery Mode ၀င်ဖို့ အတွက် Phone မှ VolUp+Power+Home Key ကိုတွဲနှိပ်လိုက်ပါ။
Recovery Mode ထဲရောက်သွားရင် Install update from SD card ထဲဝင် ခုဏကထည့်ထားတဲ့ နာမည်နဲ့ Root zip ဖိုင်လေးကိုရွေးပေးလိုက်ပါ။
သူဟာသူ Run ပါလိမ့်မယ်။ ပြီးသွားရင် Reboot System now ကိုရွေးပေးလိုက်ပါ။ဖုန်းပြန်တက်လာချိန်မှာတော့ Root ပြီးသား Galaxy Ace i လေးရပါပြီး။
(Recovery Mode ထဲတွင် Vol ခလုတ်ဖြင့်အပေါ်အောက်ရွေ့ ပြီး Home Key ကိုEnter အဖြစ်သုံးပါတယ်။)

Unroot လုပ်နည်း
Unroot zip ဖိုင်လေးကို Root နည်းကအတိုင်း SD ထဲထည့် Recovery Mode ၀င်၍ Install update from SD card >>Unroot zip ကိုရွေးပေးရုံပါပဲ။

CWM(ClockWorkRecovery)
CWM zip ဖိုင်လေးကိုရှေ့ က Root/Unroot နည်းများအတိုင်း SD card ထဲထည့် CWM zipကိုရွေးပေးရုံပါပဲ။
CWM ဖိုင်ကိုတော့ SD ထဲကမဖျတ်ထုတ်လိုက်ပါနဲ့  နောက် CWM ၀င်တဲ့အခါဒီနည်းအတိုင်းပြန်ဝင်ရမှာပါ။ CWM ထဲရောက်ရင်တော့ Back Up လေးလုပ်ဖို့ တော့မမေ့ပါနဲ့

ဘာကိုမှမသိသေးတဲ့ KOThu
Thz 4 All



No comments:

Post a Comment

သင်တို့ ၏ ဝေဖန်အကြံပြုမှုများ အတွက် ကျေးဇူးအထူး တင်ပါသည်။