လာရောက်လည်ပတ်သူများ အားလုံးအရာရာအဆင်ပြေပါစေဟုဆုတောင်းပေးရင်းကျေးဇူးတင်လျှက်...... FB Group >> https://www.facebook.com/groups/mmtechnologysharing/
Thursday, January 3, 2013
Samsung Galaxy ဖုန်းတော်တော်များများအား Root လုပ်၍ရသောနည်း
Samsung Galaxy ဖုန်းတော်တော်များများအား Root လုပ်၍ရသောနည်း
Root မလုပ်ခင်လေ့လာစရာ>>
အရင်ဆုံး လိုတာလေးဒေါင်းလိုက်ပါ။
update zip ဒေါင်းရန်
One Cli rec ဒေါင်းရန်
လိုတာလေးတွေရပြီဆိုရင်တော့လုပ်ငန်းစမယ်နော်
အခုပြပေးသောနည်းသည် Samsung phone များ၏ Recovery မှ ၀င်ရောက်၍လုပ်ရသောနည်းဖြစ်သည်။ ထို့ကြောင့် recovery mode ၀င်ရန်လိုအပ်သည်။
recovery mode ၀င်ဖို့ဖုန်းအမျိုးအစားမော်ဒယ် ပေါ်မူတည်၍ နှိပ်ရသည့်သီးသန့်ခလုပ်များကွဲလွဲနေတတ်သည်။အများအားဖြင့်တော့ Vol up+power သို့ Vol up+power+home ဖြင့် Recovery ၀င်သည်..
များပြားလှသော samsung smart phone များကြောင့် recovery mode ၀င်ပုံတလုံးနှင့်တလုံးမတူပေ။တလုံးခြင်းဆီအတွက်သာ လိုက်လံ၍ recovery mode ၀င်နည်းရေးနေလျှင်ပြီးတော့မည်မဟုတ်။
ထိုကြောင့် အားလုံးအတွက်အဆင်ပြေစေရန် oneclick recovery အသုံးပြု၍ recovery mode ၀င်ရောက်ရမည်။ ဒေါင်းဖို့လင့်လဲပေးထားသည်။အကုန်ရပြီဆိုရင်စပါတော့မည်။
(၁) ဖုန်းကို usb debug ON ပေးလိုက်ပါ။ON ဖို့ seting>>application>>developement>>usb debug တွင် ON ပေးပါ။
(၂) Root လုပ်ဖို့ အတွက်ဒေါင်းထားတဲ့ update zip ဖိုင်လေးကို SD card ထဲထည့်ပါ။
(၃) ဖုန်းကို ကွန်ပြူတာနဲ့ချိတ်ပါ။ One cli Recovery ဆိုတာလေးနှိပ်ပေးလိုက်ပါ ခဏစောင့်ပါ ဖုန်းက recovery mode ရောက်သွားပါမယ်။
(၄) recovery mode ထဲရောက်သွားရင် vol ခလုတ် နဲ့အပေါ်အောက် ရွေ့ပြီး power သို့ home ကို enter အဖြစ်သုံးပါတယ်။
(၅) Apply update from SD card ထဲဝင် ထည့်ထားတဲ့ update zip ကိုရွေးပေးလိုက်ပါ။သူဟာသူ Run ပါလိမ့်မယ်။ ပြီးသွားရင် Reboot System now ကိုရွေးပေးလိုက်ပါ။ဖုန်းပြန်တက်လာချိန်မှာတော့ Root ပြီးသား Galaxy ဖုန်းလေးရပါပြီ။
No comments:
Post a Comment
သင်တို့ ၏ ဝေဖန်အကြံပြုမှုများ အတွက် ကျေးဇူးအထူး တင်ပါသည်။