Wednesday, January 2, 2013

Samsung Galaxy Note 2 Root နည်း

International Galaxy Note 2 GT-N7100 ကို  Root လုပ်နည်းလေးပါ....မလုပ်ခင်လိုတာလေးကိုအောက်မှာဒေါင်းလိုက်ပါ....

Root Zip For Galaxy Note 2 N7100

ကဲဒေါင်းပြီးသွားရင်တော့တနေရာရာမှာဖြည်ထားလိုက်ပါ....ပြီးရင်ဖုန်းကိုပိတ် Vol Down+Power+Home တွဲနှိပ်ပါ....
 ပုံ ၁ အတိုင်းရောက်သွားရင် Vol up တချက်နှိပ်ပါ...



ပုံ ၂ အတိုင်းရပါမယ်...အဲဒါဆိုဖုန်းကို ကွန်ပြူတာနဲ့ချိတ်လိုက်ပါ....ဖြည်ထားတဲ့ထဲက Odin ကိုဖွင့်လိုက်ပါ...Odin က ဖုန်းကိုသိရင် ID:COMဆိုတဲ့အကွက်မှာအစိမ်းရောင်လေးပေါ်နေ
ပါမယ်...ဒါဆိုဆက်လို့ရပါပြီ..မပေါ်သေးရင် Driver သွင်းပေးလိုက်ပါ...Odin မှာရှိတဲ့ PDA  ဆိုတာလေးကိုနှိပ်ပါ....ဖြည်ထားတဲ့ထဲက cwm6-root-note2.tar  ဆိုတဲ့ဖိုင်လေးကိုရွေးပေးလိုက်ပါ......ပြီးရင် Start button လေးနှိပ်လိုက်ပါ..
သူဟာသူအလုပ်လုပ်ပါမယ်.... ID:COM အပေါ်ကအကွက်မှာ pass ဆိုတဲ့စာလေးပေါ်လာပါမယ်.....ဖုန်းက အလိုလို CWM ထဲရောက်သွားပြီးး အလုပ်လုပ်ပါမယ်။ဖုန်းပြန်တက်လာရင်တော့ Supersu လေးနဲ့အတူ Root ထားပြီးသား 
Galaxy note 2 လေးတလုံးရပါပြီ......
T-Mobile Galaxy Note 2 SGH-T889
    AT&T Galaxy Note 2 SGH-I317 မှာလည်းစမ်းသပ်နိုင်ပါတယ်...




No comments:

Post a Comment

သင်တို့ ၏ ဝေဖန်အကြံပြုမှုများ အတွက် ကျေးဇူးအထူး တင်ပါသည်။