ဒေါင်းလို့ ပြီးပြီဆိုရင်တော့စမယ်ဗျ။အရင်ဆုံးဒါင်းလို့ ရလာတဲ့ Zip ထဲကဟာလေးတွေကိုဖုန်းမှာ install ထားလိုက် install လို့ ပြီးရင်တော့ Lucky Patcher ဆိုတဲ့ App လေးထဲဝင်ရင်ကို သွင်းထားတဲ့ Poweramp လေးကိုမြင်ရမှာပါ။အဲဒီ poweramp icon လေးကို ခဏဖိထားပေါ်လာတဲ့ ထဲက custompatch ကိုရွေး နောက်တစ်ခုပေးလာရင် patch.by.sanx_com.maxmpz.audioplayer ကိုရွေးပေးလိုက်ပါ။ Full version Poweramp လေးရပြီနော်
လာရောက်လည်ပတ်သူများ အားလုံးအရာရာအဆင်ပြေပါစေဟုဆုတောင်းပေးရင်းကျေးဇူးတင်လျှက်...... FB Group >> https://www.facebook.com/groups/mmtechnologysharing/
Saturday, September 29, 2012
Power Amp MusiZ player Full Version
ဒေါင်းလို့ ပြီးပြီဆိုရင်တော့စမယ်ဗျ။အရင်ဆုံးဒါင်းလို့ ရလာတဲ့ Zip ထဲကဟာလေးတွေကိုဖုန်းမှာ install ထားလိုက် install လို့ ပြီးရင်တော့ Lucky Patcher ဆိုတဲ့ App လေးထဲဝင်ရင်ကို သွင်းထားတဲ့ Poweramp လေးကိုမြင်ရမှာပါ။အဲဒီ poweramp icon လေးကို ခဏဖိထားပေါ်လာတဲ့ ထဲက custompatch ကိုရွေး နောက်တစ်ခုပေးလာရင် patch.by.sanx_com.maxmpz.audioplayer ကိုရွေးပေးလိုက်ပါ။ Full version Poweramp လေးရပြီနော်
Friday, September 28, 2012
Techspace Journal vol1 issue 27(sept29)
မြန်မာလိုမြင်ရမဲ့ မြန်မာ Go Locker
ကျွန်ုပ်(KOThu) ကိုယ်တိုင် ခေါင်းအစားခံ လက်အညောင်းခံ မျက်စိညောင်းခံ အမယ်လေးခံရတာတွေကြီးပဲ ဒီလိုခံရတာတွေကို ဂရုမမှုပဲ ဘာသာပြန်ဆိုပေးထားသော မြန်မာGo lockerလေးလာပါပြီ Go launcherနဲ့ တွဲသုံးရတဲ့ ဟာလေးပါ။ဒါကို သုံးချင်တယ်ဆိုရင်တော့ Go launcher လေးအရင်သွင်းထားလိုက်ပါ။ ကိုယ့်ဖုန်းကိုသူများယူမသုံးအောင်Lock ကိုကောင်းကောင်းသုံးချင်တဲ့လူတွေ အတွက် Locker လေးပါ။ သုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်က Links လေးတွေမှာဒေါင်းပါ။
ဒီမှာ (Mediafire) OR ဒီမှာ (Dropbox)
Tuesday, September 25, 2012
Mobile Guide Journal vol 1 Issue 71 (26 sept)
Monday, September 24, 2012
Samsung Galaxy ဖုန်းတွေ Root မလုပ်ပဲမြန်မာဖောင့်ထည့်မယ်။
ဟိုအရင်ကတော့ ဖုန်းတော်တော်များများ မြန်မာဖောင့်ထည့်ချင်ရင် Root လုပ်မှရပါတယ် ။အခုတော့ တစ်ချို့ ဖုန်းတွေ Root လုပ်စရာမလိုပဲ မြန်မာဖောင့်ထည့်လာနိုင်ကြပါပြီ။ ဖုန်းအမျိုးအစား အမျိုးမျိုးထဲမှာမှ Samsung Galaxy ဖုန်းများတွင် အရင်ကထဲက Root လုပ်ရန်မလိုပဲ မြန်မာဖောင့်ထည့်သွင်းနိုင်ကြပါတယ်။ အခု ထို Samsung galaxy ဖုန်းများ Root လုပ်ရန်မလိုပဲ မြန်မာဖောင့် ထည့်သွင်းနည်းဖော်ပြပေးသွားမှာပါ။တခြားဖုန်းတွေအတွက်လဲ နောက်တင်ပေးသွားပါမယ်။ တစ်ကယ်တမ်းကျတော့ Galaxy မြန်မာဖောင့်သွင်းနည်းက လွယ်လို့ လေကြောရှည်နေတာပါ ဟိဟိ ^_^
အရင်ဆုံး ဒါလေးဒေါင်းလိုက်ပါ >> ZawgyiOne.apk ပြီးရင်ဒေါင်းလို့ ရလာတဲ့ apk လေးကို Phone မှာ install လိုက်ပါ။နောက် Setting>>Display>>Screen Display>>Font style မှာ Zawgyi one ttf ကိုပြောင်းပေးလိုက်ပါ။Restart ချခိုင်းပါလိမ့်မယ် Restart ချပြီးပြန်တက်လာရင် မြန်မာဖောင့်ရသွားပါပြီ။
စာရိုက်ဖို့ အတွက်တော့ Myanmar Keyboard သွင်းရပါမယ်။Myanmar Fonts Keyboard အတွက် ဒီမှာ ကြည့်ပါ
Samsung Galaxy Mini S5570 ကို Rootလုပ်မယ်,Unroot & CWM သွင်းမယ်။
လုပ်ငန်းမစခင် Root လုပ်ခြင်း၊ Unroot လုပ်ခြင်း၊ CWM (clockworkmod recovery) သွင်းရခြင်းအကြောင်းများကိုအရင်လေ့လာနိုင်ပါသည်။
Root Process
Root Process
- အရင်ဆုံး လိုအပ်မည့် ဖိုင်ကို ဒီမှာ ဒေါင်းလိုက်ပါ။
- ရလာသော update.zip ကို SD card ထဲကူးထည့်ပါ။
- ပြီးနောက် SD ကို ဖုန်းထဲပြန်ထည့်ပြီး ဖုန်းကို Power ပိတ်လိုက်ပါ။
- Recovery mode ထဲဝင်ရန်အတွက် Vol up+Home+Power ကို ခဏတွဲနှိပ်ထားပါ။
- Recovery mode ထဲရောက်သွားရင် vol up,down ဖြင့်ရွေ့ ပြီး Power ခလုတ်ဖြင့် apply update from SD card ထဲဝင်၍ update.zip ကိုရွေးပေးလိုက်ပါ။
- သူဟာသူ Run ပါလိမ့်မယ်။ Run ပြီးသွားရင်တော့ Reboot system now ကိုရွေးပေးလိုက်ပါ။ Root လို့ ရသွားပါပြီ။ ဤနည်းသည် Android version 2.3...(Gingerbread) အတွက်သာဖြစ်သည်။
- Android version 2.2..(Froyo) သုံးထားသော Samsung Galaxy Mini ကို Root ရန်အတွက် Z4root.apk ကို ဒီမှာ ဒေါင်းပါ။
- ဒေါင်းလို့ ရလာသော Z4root.apk ကို ဖုန်းတွင် Install လိုက်ပါ။ ထိုသွင်းထားသော Z4root ထဲဝင်၍ Parmanent root ကို နှိပ်ပါ။ စ၍ Root ပါလိမ်မည်။ Restart ကျ ပြီးသွားရင် Root လို့ ပြီးပါပြီ။
- အကြောင်းအမျိုးမျိုးကြောင့် Unroot ပြန်လုပ်ချင် သူများ Unroot လုပ်ရန်အတွက်လိုအပ်သောဖိုင်ကို ဒီမှာ ဒေါင်းပါ။
- ဒေါင်း၍ ရလာသော ဖိုင်ကို SD card ထဲထည့်၍ Root process အတိုင်း Recovery mode မှ ၀င်၍လုပ်ဆောင်ပါ။ ဖိုင်ရွေးသောအခါတွင် ဒေါင်း၍ရလာသောဖိုင်အမည်ကို ရှာရွေးပေးလိုက်ပါ။
- CWM သွင်းရန်လို အပ်သောဖိုင်ကို ဒီမှာ အရင်ဒေါင်းပါ။
- ရလာသောဖိုင်ကို SDcard ထဲကူးထည့်ပါ။ထို့ နောက် Root process မှနည်း အတိုင်း Recovery Mode>>apply update from sdcard>>ဒေါင်း၍ရလာသောဖိုင် ကိုရွေးပေးလိုက်ပါ။ CWM ရပါပြီ။
ClockWorkMod Recovery(CWM) ဆိုတာဘာလဲ?
ClockWorkMod (CWM) recovery ဆိုတာကတော့ Custom recovery တစ်မျိုးပါ။ သူက Stock Recovery ထက် လုပ်ဆောင်ချက်မြင့်မားတဲ့ Recovery အမျိုးအစားပါ။ Recovery တွေကိုတော့ပုံမှန် မမြင်ရနိုင်ပါဘူး။ ဖုန်းအမျိုးအစားပေါ်မူတည်၍ သီးသန့်  ခလုတ်များ နှိပ်ပေးရပါမှတက်လာတာပါ။ Stock recovery ကတော့ Factory reset နှင့် Update.zip ကို အသုံးပြုဖို့ လောက်ပဲအသုံးဝင်ပါတယ်။ CWM ကတော့ Stock Recovery မလုပ်ဆောင်နိုင်သော Restoration,Installation စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ Back Up option ဆိုရင်လဲ ဖုန်းရဲ့  Stock Rom တစ်ခုလုံးကို Back up လုပ်နိုင်ပါတယ်။ထိုကဲ့သို့  Rom တစ်ခုလုံးကို Back up လုပ်ခြင်းဖြင့် ဖုန်း Settings,Games,Apps etc.. တွေကို သိမ်းဆည်းထားနိုင်ပါတယ်၊ CWM သွင်းထားခြင်း ဖြင့် Custom rom များကိုလည်း အလွယ်တစ်ကူ Install လုပ်နိုင်ပါတယ်။
CWM Recovery ထဲဝင်ရင်တွေ့ ရမည့်အရာကတော့
CWM Recovery ထဲဝင်ရင်တွေ့ ရမည့်အရာကတော့
- Reboot System now
- Apply update from SD card
- Wipe data/Factory reset
- Wipe cache partition
- install zip from SD card
- apply/ SD card / update.zip
- choose zip from SD card
- toggle signature verification
- toggle script asserts
- +++Go Back+++
- Back and Restore
- Back up
- Restore
- Advanced Restore
- Mount and Storage
- Mount /unmount/system/data/cache/sdcard or sd-ext
- format boot /system/data/cache/sdcard or sd-ext
- mount USB
- Advanced
- Reboot recovery
- Wipe dalvik cache
- Wipe battery stats
- Report Error
- Key Test
- Partition SD card
- Fix permisions
Techspace Journal vol 1 Issue 26
Saturday, September 22, 2012
ရန်ကုန်/မန္တလေးလမ်းညွန် New Version
ရန်ကုန်လမ်းညွန် Version အသစ်လေးတွေပါ။ဒီ Application ထဲမှာတော့ ရန်ကုန်၊မန္တလေးလမ်းညွန်ထဲမှအကြောင်းအရာပေါင်း ၆၈၀၀ကျော်ခန့် ပါဝင်ပါတယ်။
Android,Iphone,Java စသည်ဖြင့်ခွဲပေးထားပါတယ်။
Android အတွက် ဒီမှာ ပါ။
ဒီမှာ တော့ I Phone
ဒီမှာ Java
ကွန်ပြူတာပြဿနာများဖြေရှင်းနည်း
ကိုယ်တိုင်လေ့လာ Java သင်ခန်းစာ
ဟဲဟဲ စာရေးရမှာပျင်းလို့ Ebook တွေပဲတင်နေတာ ^_^
Java သင်ခန်းစာတွေကိုလေ့လာချင်သူများဖတ်သင့်တဲ့စာအုပ်လေးပါ။
ဒီမှာ ဒေါင်းပါ။
Android Application ရေးသားခြင်းဆိုင်ရာအခြေခံသဘောတရားများ(Ebook)
Friday, September 21, 2012
ဖုန်းတွေရေ၀င်ရင်ဘယ်လိုလုပ်ကြမလဲ?
ဖုန်းတွေ ရေချိုးပေးတတ်တဲ့အဲယောင်လို့ ဖုန်းတွေ ရေစိုလို့ ရေ၀င်လို့ ရေထဲပြုတ်ကျလို့ ..ဟူးမောလိုက် ထှာ
စိတ်ညစ်နေတဲ့ လူတွေအတွက် ပြုပြင်နည်းလေးလာပီနော် … ရေ၀င်သွားလို့ ဆိုပြီး ဖုန်းကို Hair Dryer တွေ မီးဖို တွေနဲ့ တွားမလုပ်နဲ့ ဦး ဂန့် သွားမယ့်နော့် အရင်ဆုံးလိုတဲ့ ပစ္စည်းလေးတွေရှာကြရအောင် အဓိက ကတော့ ဆန်နဲ့ အိုး အဲဘွာတေး ဆန်နဲ့ ပုံးလေးတလုံး ဒါမှမဟုတ် ဖုန်းဝင်ဆန့် နိုင်တဲ့ ထည့်စရာတစ်ခုခုပေါ့ ဆန်ယူခိုင်းတာကတော့ထမင်းချက်စား ဖို့ ပါ အဲဟုတ်ပါဝူး သူကအဓိက မင်းသား မို့ လို့ လေ ဆန်ကရေကို စုပ်ယူဖို့ အကောင်းဆုံးမို့ လို့ ပါ။
အဲပြီးရင်တော့ ဖုန်းကို Power off ထားလိုက် shock ရှိတယ်လေ။ နောက်ဖုန်းထဲကကတ်မှန်သမျှထုတ်ထားလိုက်
ထုတ်ထားလိုက်။အဲပြီးရင် အ၀တ်လေးနဲ့  လိုက်သုတ်လိုက် ဖြည်းဖြည်းနော်မ၀င်ရနယ်မြေ ထဲရေရောက်ရင် ပိုဆိုးမယ်။ ကဲလာပြီ မင်းသား ဆန်ကို ပုံးထဲတစ်ဝက်လောက်အရင်ထည့် ပြီးရင် ဖုန်း နဲ့  Battery ကို ထည့် နောက်အပေါ်
ကနေဆန်ထပ်ထည့် ဖုန်းနဲ့ Battery ကိုဖုံးအောင်ထည့် ဖုန်းနဲ့ ဖုံးနဲ့ တော့ ရှုပ်နေပြီ ဟိဟိ ပြီးရင်တော့ မီးဖိုပေါ်တင်ချက်
လိုက်တော့ ဖုန်းထမင်းပေါ့ ဟဲဟဲ အလကားစတာပါ။ တစ်ခုမေ့နေတယ် ခုနက ဆန်ပုံးထဲကိုရေထည့်ဖို့  အဲ ဆောတီး Silica Gel ထုပ်လေးတွေထည့်ဖို့ ပဲ ဖုန်းထဲကို ဆန်မှာပါတဲ့အမှုန်အမွှားမ၀င်အောင်ထည့်တာပါ။ Silica Gel ထုပ်ဆိုတာကတော့ ဆေးဘူး၊ဖိနပ်ဘူး၊….တစ်ခုခုဝယ်ရင်ပါလာတတ်တဲ့ အထုပ်လေးတွေလေ။ တခြား Sim Card နဲ့  SD card ကိုတော့ သက်သက်ခြောက် အောင်လုပ်ထားနော့်။ ပြီးရင်တော့ တစ်ရက်ခွဲ နှစ်ရက်လောက်ဆန်ထဲမှာ
ပဲထားလိုက်။
အဲဒါဆိုရင်တော့ ပြီးသွားပြီလေ ရေ၀င်တာကနေပြန်ကောင်းအောင်လုပ်တာ။မကျေနပ်ရင်တော့ တစ်ပတ်လောက်ထားချင်ရင်ထားပေါ့ ဆန်ထဲမှာလေ။
Thursday, September 20, 2012
သုံးနေကြ Computer Program များကိုပုံမှန်ထက်မြန်အောင်လုပ်နည်း
ပြောတဲ့လူတွေကလဲပြောနေကြပြီ Computer အကြောင်းမရေးလို့ တဲ့ ရေးဖို့ တော့စိတ်ကူးရှိပါတယ်။စိတ်ကူးထဲမှာတော့ အများကြီးပဲရေးနေတာ ဟိဟိ အပြင်မှာတော့ အပျင်းထူနေတာအလကားပြောတာပါမထင်ပါနဲ့ အမှန်တွေပါ။ကဲခုတော့ရေးပြီနော် Computer အကြောင်း။
ဘယ်သူမဆို ကိုယ့် Computer လေးကိုကောင်းကောင်းသုံးချင်မှာပေါ့ သုံးနေရင်း စက်ကဟန်းသွားတဲ့ဒုက္ခက လည်းကင်းချင်မှာပေါ့နော့် အခုကတော့ Computer မှာ ကိုယ်သုံးနေကြ Program တွေကို ခါတိုင်းထက်သုံးရ ပိုမြန်အောင်လုပ်နည်းလေးပါ။ တစ်ခုရှိတာကတော့ ကိုယ်မြန်အောင်လုပ်ချင်တဲ့ Program ရဲ့  .exe ကိုတော့သိဖို့ လိုတယ်နော်။ ဥပမာ Firefox ဆို firefox.exe,InternetDownloadManager ဆို IDM.exe ပေါ့ ။ကဲ ဆက်မယ် အရင်ဦးဆုံးအနေနဲ့ Computer က မန်နေဂျာကြီးလေသိလား Task Manager ကိုအရင်ခေါ်လိုက်ပါ။ဘယ်လိုခေါ်မလဲဆို 'လာဦး' လို့ တော့ ခေါ်လို့ မရလောက် ဘူး ဟိဟိ သူကိုခေါ်ဖို့  Task Bar ကို Right Click >> Start Task Manager (Or) Ctrl+Shift+Esc (Or) Ctrl+Alt+Del တစ်ခုခုနဲ့ ခေါ်ပေါ့နော်။ အဲမှာ Task Manager Box ကျလာရင် Processess Tab ကိုသွား Image Name အောက်မှာ ကိုယ်မြန်စေချင်တဲ့ exe ကို Right Click >>Set priority >>High လုပ်ပေးလိုက် ဒါဆိုရင်တော့ ပြီးပါပြီ။
Phone တွေမှာ Massage ပို့ လို့ မရရင် Massage Centerနံပါတ်ပြောင်းကြမယ်။
ကဲဖုန်းလိုင်းကတ်တွေအသစ်ဝယ်ပြီးရင် Massage ပို့ လို့ မရဘူးလို့ အော်နေကြတဲ့ကိုကိုမမ တွေအတွက်ပါ။ဖုန်းလိုင်းကတ်အသစ်တွေ ၀ယ်ဝယ်ချင်း Massage ပို့ လို့ မရတဲ့ ပြသနာရှိတတ်ပါတယ်။အဲဒါကတော့ မြန်မာနိုင်ငံရဲ့ Massage Centre နံပါတ်မဖြည့်ရသေးလို့ပါ။အခု ဒီ Massage Centreနံပါတ်ဖြည့်နည်းလေးကို ဖုန်း OS (Android,IOS,Sybiam...) အလိုက်ဖော်ပြပေးသွားပါမယ်။
ပထမဆုံးလူသုံးများတဲ့ စက်ရုပ် (Android) ကစကြတာပေါ့....
Android မှာ Massage Centre နံပါတ်ဖြည့်ဖို့ နည်းနှစ်နည်းရှိပါတယ်။လွယ်လွယ်လေးတွေပါပဲ။
ပထမဆုံးနည်းကတော့ ဖုန်း Massage ပို့ တဲ့နေရာကိုဝင် ဖုန်းမှာပါတဲ့ Menu Button လေးကိုနှိပ် ပြီးရင် Setting ထဲထပ်ဝင် အဲထဲကမှ Massage Centre ဆိုတာလေးကိုသွားပြီး +9595930003 ဖြည့် Ok ပေါ့နော်။ အောက်မှာပုံလေးတွေနဲ့ ပါပြပေးထားပါတယ်။။

Tuesday, September 18, 2012
Mobile Guide Journal Issue 70
Monday, September 17, 2012
Digital Life Vol1 Issue 20(Sept 19 2012)
Saturday, September 15, 2012
Screenshot Free 1.4.13 နဲ့ Screenshot ရိုက်ကြမယ်။
ကဲ ဖုန်းထဲက Apps,Games နဲ့  Settings တွေကို Screenshot ရိုက်ချင်သူတွေအတွက် Screenshot 1.4.13 လာပြီနော်။ ဒီကောင်လေးက Free ပေးထားတဲ့ ဆော့ဝဲလ် လေးပါ။
ဒီမှာ ဒေါင်းပါ။

- သူ့  Features လေးတွေကတော့ ဖုန်းကို Root ထားရန်မလိုခြင်း၊
- Shake လိုက်ယုံဖြင့် screenshot ရိုက်လို့ ရခြင်း၊
- ရိုက်ထားသော screenshot ကိုအလွယ်တကူပြင်ဆင်နိုင်ခြင်း၊
- Screenshot ရိုက်ပြီးပြီးချင်း အလွယ်တကူ Share နိုင်ခြင်း စသည့် Features တွေပါဝင်ပါတယ်။
HTC ရဲ့  Inspire 4G နဲ့  Desire HD ကို AAHK နဲ့  Root ကြမယ်......
AAHK is Only For>>>> HTC Inspire 4G & Desire HD
AAHK(Advanced Ace Hack Kit) ကို ဒီမှာ အရင်ဒေါင်းလိုက်ပါ။
AAHK သုံးပြီး HTC Inspire 4G Or Desire HD ကိုRoot မလုပ်ခင်သိသင့် သည်များ.....
Root လုပ်မည့် ဖုန်းသည် Version upgrade downgrade လုပ်ဖူးသောဖုန်း၊Soffလုပ်ဖူးသောဖုန်းမဖြစ်စေရပါ၊StocksDevices ဖြစ်ရမည်၊
AAHK ကိုမ run ခင်ဖုန်းတွင် Battery 60% ထက်မနည်းရှိရမည်၊ HTC Driver,HTC SyncစသောHTC ဆိုင်ရာ Applicationsများကို Uninstall
လုပ်ထားရမည်၊ Antivirus ,Malware Detection etc..တို့ ကိုပိတ်ထားရမည်။ဖုန်းမှ Unknown Source ကို On ,USB Debugging ကို On ထားရမည်။

Thursday, September 13, 2012
မြန်မာဖောင့်သွင်းနည်းများ....
ZawgyiFont Changer သုံးပြီး မြန်မာဖောင့်ပြောင်းမယ်။
ကျွန်တော်တို့ ရဲ့ အစ်ကိုကြီး ကိုသက်နိုင်စိုး ရဲ့ MMAS(www.myanmarmobileapp.com) မှ Application Developer Ko Nay Lin Aung(speedysoft mobile studio) ရေးသားသော ZawgyiFont Changer(mmas) ဖြင့် Zawgyi Font ပြောင်းနည်းဖြစ်ပါသည်။
အခြားနည်းများလို Step များခြင်းမရှိ ဘဲ Oneclick app အမျိုးအစားဖြစ်သည်။ ဒီမှာ အရင်ဒေါင်းလိုက်ပါ။
ဒေါင်းလို့ ရလာတဲ့ apk ကိုဖုန်းမှာ install လုပ်လိုက်ပါ။ထို application ထဲဝင်လိုက်လျှင် ဇော်ဂျီဖောင့်ပြောင်းရန်,ဇော်ဂျီဖောင့်ပြောင်းရန် (sony ဖုန်းများအတွက်) ဆိုပြီးခလုတ်နှစ်ခုရှိပါတယ်။ထို ခလုတ်နှစ်ခုအနက် sony ဖုန်းမဟုတ်လျှင် ဇော်ဂျီဖောင့်ပြောင်းရန်ကို နှိပ်ပါ။ Sony ဆိုရင် sony ဖုန်းများအတွက် စာသားပါသောခလုတ်ကိုနှိပ်ပါ။ ဖုန်း Restart ကျသွားပါလိမ့်မယ်။ပြန်တက်လာရင်တော့ မြန်မာဖောင့်ရပါပြီ။
Root Explorer နဲ့  မြန်မာဖောင့်သွင်းမယ်။
မြန်မာ ဖောင့်မသွင်းခင်အမြစ်တူးထားဖို့ လိုတယ်နော်။အမြစ်တူး(Root)နည်းလေးတွေအရင်လေ့လာပြီးRoot ပြီးမှမြန်မာဖောင့်ထည့်ကြစို့ နော်။မြန်မာဖောင့်ထည့်ဖို့ နည်းတွေကတော့အများကြီးပဲနော်။အခုပြောမှာကတော့RootExplorerနဲ့ မြန်မာဖောင့်ထည့်နည်းလေးပါ။အရင်ဆုံးလိုတာလေးကို ဒီမှာ ဒေါင်းပြီး ဖြည်ထားလိုက်ပါ။အဲထဲကRoot Explorer လေးကို Phone မှာ Install လိုက်ပါ။ဖောင့်တွေ ဖြစ်တဲ့ DroidSans.ttf နဲ့ DroidSansFallback.ttf ကိုလည်း Memory Card ထဲကူးထည့်ထားလိုက်ပါ။
Root Explorer ကိုဖွင့်လိုက်ပါ။ ပြီးရင် SD Card ဆိုတဲ့ Floder ထဲသွားပါ အောက်က ပုံအတိုင်း >

မြန်မာဖောင့် KeyBoards For Android

ဒါက itextmm keyboard လေးပါ။ ဒီက ယူပါ။
ဒါလေးကတော့ Myandroid Soft Keyboard လေးပါ။ ဒီမှာ ယူပါ။
အသစ်ထွက် iTextmm slide keyboard လေးကိုတော့ ဒီမှာ ဒေါင်းပါ။
ဒီမှာ ကတော့ ရန်ကုန် ကီးဘုတ် ပါ။
ဒါကတော့ မြန်မာကီးဘုတ် ပါ။ ဒီမှာ ပါ။
Keyboard ပြောင်းလဲ အသုံးပြုနည်း
Keyboards တွေပေးတာတော့ဟုတ်ပါပြီ။အသုံးပြုနည်းလဲပေးဦးမှပေါ့ နော်။ အရင်ဆုံး ကိုယ်သုံးချင်တဲ့ Keyboard လေးဒေါင်းပြီးတော့ Install ထားလိုက်၊ ပြီးရင် Phone Setting >Language & Keyboard (Or) Locale & Text ကနေကိုယ် အသုံးပြုမယ့် Keyboard လေးကို အမှတ်သွားခြစ်ထားလိုက်ဦး။နောက် စာရိုက်လို့ ရတဲ့ နေရာတစ်နေရာမှာ စာရိုက်တဲ့နေရာလေးကို ခဏဖိထား လိုက် ဟောပေါ်လာ ပြီဆိုရင် Input method ကနေ ကိုယ်သုံးမယ့် Keyboard ကိုအမှတ်ပေးလိုက် ဒါဆိုရင်တော့ မြန်မာစာ Keyboard သုံးလို့ ရသွားပြီနော်၊
Wednesday, September 12, 2012
Game ကောင်းကောင်းလေးတွေဆော့ချင်သူတွေအတွက်
< Where is my water?
မိကျောင်းရေချိုးပေးကြမယ်။ နာမည်ကြားလို့ လန့် မသွားနဲ့ ဦးတကယ်ချိုးပေးရမှာဟုတ်ဝူးနော်။game ထဲမှာ မိကျောင်းဆီ ရေရောက်အောင်ရေပို့ ပေးရမယ့် ဂိမ်းလေးပါ။ မိကျောင်းကရေချိုးခန်း ထဲကနေ သင်ပို့ ပေးမဲ့ရေကိုစောင့်နေမှာ။ရေမလာရင်တော့မိကျောင်း စိတ်ဆိုးလိမ့်မယ်နော်။ မိကျောင်းဆီရေရောက်အောင်ဘယ်လိုလုပ်မလဲ ခေါင်းသုံးရမယ့် Game လေးပါ။ ဒီမှာ ဒေါင်းပါ။(via 1mobile)
Cut the Rope >
ဒီတစ်ခါလည်း ခေါင်းစားမယ့် Game ပဲ ကြိုးတွေဖြတ်ရ မှာနော်။ကြိုးတွေဖြတ်ပြီးတော့ဖားလေးရဲ့ ပါးစပ်ထဲ Candy ရောက်အောင်လုပ်ရမှာ ခက်လဲခက်တယ် ပျော်ဖို့ လဲကောင်း
တယ်။ ဆော့ကြည့်ချင်ရင်တော့ ဒီမှာ ပါ။(via 1mobile)

< Racing Moto
မောင်းရတာဝါသနာပါသူတွေအတွက် နွားလှည်းဂိမ်း အဲယောင်လို့ ဆိုင်ကယ်မောင်း
ရမယ့်ဂိမ်းလာပြီ။ ကားကြိုကားကြားမှာ ၀ီးခနဲ ၀ီးခနဲ ရှောင်မောင်းရမယ့်ဂိမ်း အရမ်း
မိုက်တယ်နော်။ ဒီက ယူပါ။ (via 1mobile)

လာပြီနော် နောက်တစ်ခု ဒါကတော့ Coin pirates လို့ ခေါ် တဲ့အကြွေစေ့ ချရတဲ့ဂိမ်းပါ။
တော်တော်များများတော့ Super center နဲ့  Happy World တို့ မှာအဲဒီစက်တွေ ဆော့ဖူး
ကြမယ်ထင်ပါတယ်။အဲဒီစက်ကြီးကိုAndroidဖုန်းထဲသွင်းထားချင်ရင်တော့ ဒီမှာယူပါ။(via 1mobile)