Monday, September 24, 2012
Samsung Galaxy Mini S5570 ကို Rootလုပ်မယ်,Unroot & CWM သွင်းမယ်။
လုပ်ငန်းမစခင် Root လုပ်ခြင်း၊ Unroot လုပ်ခြင်း၊ CWM (clockworkmod recovery) သွင်းရခြင်းအကြောင်းများကိုအရင်လေ့လာနိုင်ပါသည်။
 Root Process
  •  အရင်ဆုံး လိုအပ်မည့် ဖိုင်ကို ဒီမှာ ဒေါင်းလိုက်ပါ။
  •  ရလာသော update.zip ကို SD card ထဲကူးထည့်ပါ။
  •  ပြီးနောက် SD ကို ဖုန်းထဲပြန်ထည့်ပြီး ဖုန်းကို Power ပိတ်လိုက်ပါ။
  •  Recovery mode ထဲဝင်ရန်အတွက် Vol up+Home+Power ကို ခဏတွဲနှိပ်ထားပါ။
  • သူဟာသူ Run ပါလိမ့်မယ်။ Run ပြီးသွားရင်တော့ Reboot system now ကိုရွေးပေးလိုက်ပါ။ Root လို့ ရသွားပါပြီ။  ဤနည်းသည် Android version 2.3...(Gingerbread) အတွက်သာဖြစ်သည်။
For Android version 2.2..(Froyo)
  • Android version 2.2..(Froyo) သုံးထားသော Samsung Galaxy Mini ကို Root ရန်အတွက် Z4root.apk ကို ဒီမှာ ဒေါင်းပါ။
  • ဒေါင်းလို့ ရလာသော Z4root.apk ကို ဖုန်းတွင် Install လိုက်ပါ။ ထိုသွင်းထားသော Z4root ထဲဝင်၍ Parmanent root ကို နှိပ်ပါ။ စ၍ Root ပါလိမ်မည်။ Restart ကျ ပြီးသွားရင် Root လို့ ပြီးပါပြီ။
Unroot Process
  •  အကြောင်းအမျိုးမျိုးကြောင့် Unroot ပြန်လုပ်ချင် သူများ Unroot လုပ်ရန်အတွက်လိုအပ်သောဖိုင်ကို ဒီမှာ ဒေါင်းပါ။
  •  ဒေါင်း၍ ရလာသော ဖိုင်ကို SD card ထဲထည့်၍ Root process အတိုင်း Recovery mode မှ ၀င်၍လုပ်ဆောင်ပါ။ ဖိုင်ရွေးသောအခါတွင် ဒေါင်း၍ရလာသောဖိုင်အမည်ကို ရှာရွေးပေးလိုက်ပါ။
ClockWorkMod Recovery (CWM) သွင်းနည်း
  • CWM သွင်းရန်လို အပ်သောဖိုင်ကို ဒီမှာ အရင်ဒေါင်းပါ။
  • ရလာသောဖိုင်ကို SDcard ထဲကူးထည့်ပါ။ထို့ နောက် Root process မှနည်း အတိုင်း Recovery Mode>>apply update from sdcard>>ဒေါင်း၍ရလာသောဖိုင် ကိုရွေးပေးလိုက်ပါ။ CWM ရပါပြီ။
No comments:
Post a Comment
သင်တို့ ၏ ဝေဖန်အကြံပြုမှုများ အတွက် ကျေးဇူးအထူး တင်ပါသည်။