ပြောတဲ့လူတွေကလဲပြောနေကြပြီ Computer အကြောင်းမရေးလို့ တဲ့ ရေးဖို့ တော့စိတ်ကူးရှိပါတယ်။စိတ်ကူးထဲမှာတော့ အများကြီးပဲရေးနေတာ ဟိဟိ အပြင်မှာတော့ အပျင်းထူနေတာအလကားပြောတာပါမထင်ပါနဲ့ အမှန်တွေပါ။ကဲခုတော့ရေးပြီနော် Computer အကြောင်း။
ဘယ်သူမဆို ကိုယ့် Computer လေးကိုကောင်းကောင်းသုံးချင်မှာပေါ့ သုံးနေရင်း စက်ကဟန်းသွားတဲ့ဒုက္ခက လည်းကင်းချင်မှာပေါ့နော့် အခုကတော့ Computer မှာ ကိုယ်သုံးနေကြ Program တွေကို ခါတိုင်းထက်သုံးရ ပိုမြန်အောင်လုပ်နည်းလေးပါ။ တစ်ခုရှိတာကတော့ ကိုယ်မြန်အောင်လုပ်ချင်တဲ့ Program ရဲ့  .exe ကိုတော့သိဖို့ လိုတယ်နော်။ ဥပမာ Firefox ဆို firefox.exe,InternetDownloadManager ဆို IDM.exe ပေါ့ ။ကဲ ဆက်မယ် အရင်ဦးဆုံးအနေနဲ့ Computer က မန်နေဂျာကြီးလေသိလား Task Manager ကိုအရင်ခေါ်လိုက်ပါ။ဘယ်လိုခေါ်မလဲဆို 'လာဦး' လို့ တော့ ခေါ်လို့ မရလောက် ဘူး ဟိဟိ သူကိုခေါ်ဖို့  Task Bar ကို Right Click >> Start Task Manager (Or) Ctrl+Shift+Esc (Or) Ctrl+Alt+Del တစ်ခုခုနဲ့ ခေါ်ပေါ့နော်။ အဲမှာ Task Manager Box ကျလာရင် Processess Tab ကိုသွား Image Name အောက်မှာ ကိုယ်မြန်စေချင်တဲ့ exe ကို Right Click >>Set priority >>High လုပ်ပေးလိုက် ဒါဆိုရင်တော့ ပြီးပါပြီ။
No comments:
Post a Comment
သင်တို့ ၏ ဝေဖန်အကြံပြုမှုများ အတွက် ကျေးဇူးအထူး တင်ပါသည်။