1. အရင်ဆုံး Bootloader unlock လုပ်ရပါမယ်။Bootloader unlock
လုပ်ဖို့သူ့ Official ဆိုဒ်ဖြစ်တဲ့
ဒီဆိုဒ် ကို သွားပြီးအောက်ကအတိုင်းဆက်လုပ်ပါမယ်....
2. Licence aggrement ကိုအမှန်ခြစ်ပါ။Next နှိပ်ပါ။လိုတာလေးတွေဖြည့်ရပါမယ်။
Email
လိပ်စာကိုအမှန်ထည့်ပါ။မိမိထည့်သောမေးလ်လိပ်စာအတွင်းသို့ unlock code ပြန်ပို့မှာမို့လို့ပါ။
Smart phone ကိုရွေး ဖုန်းမော်ဒယ်
ထည့်ပါ…အောက်ပုံတွင်ဆက်ကြည့်ပါ……
3. ဖြည့်စရာ S/N number,IMEI/MEID နဲ့ Product ID တွေကျန်ပါသေးတယ်။ S/N number,IMEI/MEID ကိုဖုန်း Battery ဖြုတ်လိုက်ရင်သို့ Phone>>settings>>
about>>status မှာ တွေ့ရပါမယ်။IMEI ကို
ဖုန်းခေါ်သောနေရာတွင် *#06# ရိုက်ရင်လည်း
တွေ့နိုင်သည်။ Product ID အတွက်
ဖုန်းခေါ်ဆိုသာ Key pad မှ *#*#1357946#*#*
ရင်တွေ့ပါမယ်။လိုအပ်တာတွေဖြည့်ပြီးလျှင် Submit ခလုပ်လေးကို
နှိပ်လိုက်ပါ။Email ထဲသို့
Huawei မှ Unlock code ပြန်ပို့ပေးပါလိမ့်မယ်။ချက်ချင်းလဲပို့သလိုရက်အနည်းငယ်လဲကြာ
တတ်ပါတယ်။ ကျွန်တော့တုန်းကသုံးရက်ကြာပါတယ်..Code ရပြီဆိုရင်တော့
စလို့ရပါပြီ…
4. ဒါလေး ဒေါင်းပြီးဖြည်ထားလိုက်ပါ။ဖုန်းကို USB Debug ON ပါ.
Fastbootကိုအမှန်ခြစ်ထားရင်ဖြုတ်ပါ။
USB Debug ON ဖို့ setting>> application >>developement >>USB debug
Fasrboot ပိတ်ဖို့ setting>> application >> fastboot
5. ပြီးရင်ဖုန်းကိုပိတ်ပြီး စက္ကန့်အနည်းငယ်ထားပါ။ volume down နဲ့ power ခလုပ် ကိုတွဲနှိပ်ပြီး
Bootloader
mode ထဲကိုဝင်ပါ။ကွန်ပြူတာနဲ့ချိတ်ပါ ဒေါင်းပြီးဖြည်ထားတဲ့ G330D…..exe
လေးကို run ပေးလိုက်ပါ။ပြီးရင်
Run ထားတဲ့ Box ထဲမှာ ပို့လိုက်တဲ့ unlock code လေးထည့်ပြီး
Enter ခေါက်ပေးလိုက်ပါ ဖုန်း reboot ဖြစ်သွားပါမယ် ပြန်တက်လာရင်
unlock လုပ်လို့ပြီးပါပြီ....
6. CWM ဆက်သွင်းပါမယ်...
အရင်ဆုံး CWM အတွက် ဒါလေး ဒေါင်းပြီးဖြည်ထားလိုက်ပါ.... ဖုန်းကိုပိတ် ခဏထား vol
down နဲ့ Power
ကိုတွဲနှိပ် Logo မှာရပ်နေပြီဆို ကွန်ပျူတာကိုနဲ့ချိတ်လိုက်ပါ။ဖြည်ထားတဲ့
recovery6.0.1.2_AscendG330D.exe လေးကို run
ပေးလိုက်ပြီး Enter ခေါက် 1 ကိုရွေးပြီး
Enter နှစ်ချက် နှိပ်ပါ ဖုန်းဟာ reboot ကျပြီး CWM သွင်းပြီးသွားပါပြီ.....
7. အမြစ်တူးမယ် (root) ....
တခုခုဖြစ်မှာဆိုးရင်တော့ CWM ကနေ Backup ယူထားလိုက်နော်....
ဒါလေး ဒေါင်းပြီး ဖုန်း SD Card ထဲထည့်ထား ဖုန်းကိုပိတ်လိုက်ပါ......ဖုန်းမှ vol up နဲ့ power
တွဲနှိပ်ပါ....Recovery Mode ထဲရောက်ပါပြီ...အဲမှာ apply update from SD card ထဲဝင်
ခုနကထည့်ထားတဲ့ zip ကိုရွေးပေး....ခဏစောင့်လို့ပြီးသွားရင်ဖုန်းကို reboot system now
ရွေးပေးလိုက်ပါ.......root လို့ပြီးပါပြီ.....
လာရောက်လည်ပတ်သူများ အားလုံးအရာရာအဆင်ပြေပါစေဟုဆုတောင်းပေးရင်းကျေးဇူးတင်လျှက်...... FB Group >> https://www.facebook.com/groups/mmtechnologysharing/
No comments:
Post a Comment
သင်တို့ ၏ ဝေဖန်အကြံပြုမှုများ အတွက် ကျေးဇူးအထူး တင်ပါသည်။