Monday, December 3, 2012

Huawei C8650+ ကို အမြစ်လှန်ကြည့်ကြရအောင်ဗျာ။



ဒီတစ်ခါတော့ Huawei C8650+ ကို အမြစ်လှန်ကြည့်ကြရအောင်ဗျာ။
Credited by Ko ThihaKyaw(MMAS)


အရင်ဆုံး Driver သွင်းပြီးသား ဖြစ်ပါစေနော်။

ထုံးစံအတိုင်း USB Debugging On ထားဖို့လည်း မမေ့ခဲ့နဲ့နော်။
အောက်ကကောင်လေးကိုယူပါ။
Mediafire Link >> Download
Megacloud Link >> Download
Box Link >> Download
SugarSync Link >> Download
ဒါလေးကို ဒေါင်းပြီးရင်တော့ ဖိုင်ကို ဖြည်ထားလိုက်ပါခင်ဗျာ။အရင်ဆုံး ဖုန်းရဲ့ Setting ထဲကို ၀င်ပြီး Fastboot ကို Off လုပ်ပါ။ ဖုန်းကို ပါဝါပိတ်ပါ။ Battery ကို ၁၀ စက္ကန့်လောက် ဖြုတ်ထားလိုက်ပါ။ ပြီးရင် Fastboot ၀င်ပါ။ (Fastboot ၀င်ရန် Vol Down + Power ကို ခပ်ကြာကြာနှိပ်ထားပြီး  Logo မှာ တန့်နေတယ်လို့ ခံစားရရင် ရပါပြီ။)။ စောနက ဒေါင်း၍ ရလာသော ဖိုင်ထဲမှ Root ဆိုတာလေးကို Run လိုက်ပါ။ Enter key တစ်ချက်ခေါက်ပါ။ (Waiting For Device) ဆိုတာလေး ပြနေပါမယ်။ ပြီးရင် ဖုန်းကို Computer မှာ ချိတ်ပေးလိုက်ပါ။သူ့ဘာသာ ဆက်လက်လုပ်သွားပါမယ်။ ပြီးသွားရင် Recovery Mode ကို ၀င်ပေးလိုက်ပါ။ ခဏစောင့်ပါ။ Reboot System Now လုပ်ပြီး ဖုန်းကို Reboot လုပ်ပေးလိုက်ပါ။ ပြန်တက်လာလျှင် သင့်ဖုန်းမှာ SuperUser လေး တွေ့ပြီပေါ့ဗျာ။
တစ်ခါတစ်လေမှာ ကိုယ့်ဖုန်းရဲ့ firmware နဲ့ မကိုက်ခဲ့ရင်တော့ Root လို့ အဆင်မပြေပါ။ အဲဒီလို ဖြစ်ခဲ့တယ်ဆိုရင်တော့ အောက်က firmware လေးကို တင်ပြီးမှ Root လုပ်ပါခင်ဗျာ။
http://www.4shared.com/zip/SxAmzBOL/HUAWEI_C8650E_Android_23_V100R.html
ကဲ အားလုံးပဲ အဆင်ပြေကြပါစေနော်။ ဒီပို့စ်လေးက MMAS မှာ ကိုသီဟကျော် တင်ထားတာလေးပါ။ သူက သေချာ ရှင်းမပြထားလို့ အဆင်မပြေ ဖြစ်နေတဲ့ သူများအတွက် ကျွန်တော် ပြန်လုပ်ပေးတာပါ။ အဲဒီတော့ အဆင်ပြေသွားခဲ့လို့ ကျေးဇူးတင်မယ်ဆိုရင် ကိုသီဟကျော်ကို ကျေးဇူးတင်ပေးကြပါခင်ဗျာ။
။။။။။။။။။။။။။။။။။။။။။။။။WE LOVE SHARING၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊



No comments:

Post a Comment

သင်တို့ ၏ ဝေဖန်အကြံပြုမှုများ အတွက် ကျေးဇူးအထူး တင်ပါသည်။