Friday, December 14, 2012

Galaxy Ace s5830i ကို Jellybeam custom rom (Simplicity v3) တင်ကြမယ်..

ကဲဖုန်းနဲ့ဆိုင်တဲ့ Tutorial တွေလဲမတင်တာကြာပြီဆိုတော့ပြန်တင်ဦးမှ.....
အခုတခါဘာပြပေးမလဲဆိုတော့.Samsung Galaxy Ace s5830i ဆိုတဲ့ဖုန်းလေးကို Version မြှင့်နည်း.Official rom တော့မဟုတ်ပါဘူး....Simplicity v3 (Jelly Blast) ဆိုတဲ့ 
Android (4.1) Jellybeam custom rom လေးပါ.....အောက်ကပုံလေးတွေက သူ့ Screen Shot လေးတွေပါ...

 

 ကြိုက်တယ်ဆိုရင်အောက်မှာဒေါင်းနော်.....

Simplicity v3 final ဒေါင်းရန်....
CWM zip ဒေါင်းရန်


ဒီမှာက Rom တင်နည်း...

ဖုန်းကို အားပြည့်အောင်သွင်းထားပါ....၇၀ အထက်လောက်ရှိရင်တော့ဖြစ်ပါတယ်

1.အရင်ဆုံးကိုယ့်ဖုန်းထဲမှာရှိတာလေးတွေကို Backup လုပ်ထားလိုက်...contacts တို့ messages တို့အရေးကြီးတာတွေပေါ့....
2.ဒေါင်းထားတဲ့ Rom zip ကို SD card ထဲထည့် CWM zip နဲ့နဲ့တူတူပေါ့...
3.ပြီးရင် CWM Recovery ထဲဝင်မယ်.CWM ၀င်ဖို့ဖုန်း ကိုပါဝါပိတ် Vol+ Power နဲ့ Home ကိုခဏတွဲနှိပ်ပါ ၃စက္ကန့်လောက်...အောက်ကပုံထဲကအတိုင်းရောက်ရင်ရပီ.....recovery ထဲမှာ vol up/down နဲ့ ရွေ့ပြီးတော့ Home ကို Enter အဖြစ်သုံးပါတယ်


4.Recovery မှာ နှစ်ကြောင်းမြောက်က...apply update from SDcard ထဲဝင် CWM zip ကိုရွေးပြီး CWM ကနေ Backup လုပ်ထားလိုက်...ပြီးရင်နောက်ကိုပြန်ထွက် wipe data/reset ကိုရွေး...reset လုပ်ပေး..wipe cache partition ပါလုပ်ပေးလိုက်ပါ.အောက်ပုံက...CWM recovery ပုံ...


5.ပြီးရင်တော့ install zip from SD ထဲဝင် choose zip လုပ်  ဒေါင်းထားတဲ့ rom zip လေးကိုရွေးပေးလိုက်ခဏစောင့် install from SD card complete လို့ပေါ်ရင်ရပြီ..
6.Errorတခုခု ပြပီးမရခဲ့ရင်ဖုန်းကိုပိတ် ရိုးရိုး Recovery ထဲဝင် rom zip ကိုရွေးပေးပါ တချို့ rom zip တွေက CWM က လုပ်လို့မရတတ်ပါဘူးး...

ဖုန်းကို Reboot လုပ်ပေးလိုက်...ပြန်တက်လာရင် jelly beam လေးနဲ့လန်းနေပါပြီ.............

No comments:

Post a Comment

သင်တို့ ၏ ဝေဖန်အကြံပြုမှုများ အတွက် ကျေးဇူးအထူး တင်ပါသည်။