ဟိုအရင်ကတော့ ဖုန်းတော်တော်များများ မြန်မာဖောင့်ထည့်ချင်ရင် Root လုပ်မှရပါတယ် ။အခုတော့ တစ်ချို့ ဖုန်းတွေ Root လုပ်စရာမလိုပဲ မြန်မာဖောင့်ထည့်လာနိုင်ကြပါပြီ။ ဖုန်းအမျိုးအစား အမျိုးမျိုးထဲမှာမှ Samsung Galaxy ဖုန်းများတွင် အရင်ကထဲက Root လုပ်ရန်မလိုပဲ မြန်မာဖောင့်ထည့်သွင်းနိုင်ကြပါတယ်။ အခု ထို Samsung galaxy ဖုန်းများ Root လုပ်ရန်မလိုပဲ မြန်မာဖောင့် ထည့်သွင်းနည်းဖော်ပြပေးသွားမှာပါ။တခြားဖုန်းတွေအတွက်လဲ နောက်တင်ပေးသွားပါမယ်။ တစ်ကယ်တမ်းကျတော့ Galaxy မြန်မာဖောင့်သွင်းနည်းက လွယ်လို့ လေကြောရှည်နေတာပါ ဟိဟိ ^_^
အရင်ဆုံး ဒါလေးဒေါင်းလိုက်ပါ >> ZawgyiOne.apk ပြီးရင်ဒေါင်းလို့ ရလာတဲ့ apk လေးကို Phone မှာ install လိုက်ပါ။နောက် Setting>>Display>>Screen Display>>Font style မှာ Zawgyi one ttf ကိုပြောင်းပေးလိုက်ပါ။Restart ချခိုင်းပါလိမ့်မယ် Restart ချပြီးပြန်တက်လာရင် မြန်မာဖောင့်ရသွားပါပြီ။
စာရိုက်ဖို့ အတွက်တော့ Myanmar Keyboard သွင်းရပါမယ်။Myanmar Fonts Keyboard အတွက် ဒီမှာ ကြည့်ပါ
No comments:
Post a Comment
သင်တို့ ၏ ဝေဖန်အကြံပြုမှုများ အတွက် ကျေးဇူးအထူး တင်ပါသည်။