Rooting ဆိုတာကတော့ Android user တွေအတွက်တော့ မစိမ်းပါဘူးရင်းနှီးပြီးသားပါ။ဒါပေမဲ့မသိတဲ့လူတွေလဲ
ရှိသေးတာပေါ့ နော့်။ အဲ Rootလုပ်တယ်ဆိုတာကို မြန်မာမှု ပြု ကြည့်မယ်(လွယ်လွယ်ဘာသာပြန်မယ်)ဆိုရင်တော့
အမြစ် တူးခြင်းပေါ့ ဗျာ ။အဲ ဒါနဲ့  အမြစ်တူးတယ်ဆိုလို့  ပေါက်တူးယူပြီး ကိုယ့်ဖုန်းကိုယ် မစမ်းနဲ့ ဦး..ဆက်မယ်
root ဆိုတဲ့ အသုံးအနှုန်းကတော့ OS(Operation System) တွေ ရဲ့ အသုံးအနှုန်းတစ်ခု ပါ။နောက်တစ်ခုက rootဆိုတာ အမြစ်ပါ သစ်ပင်တစ်ပင်မှာ ဆိုရင်ပဲ အမြစ်ကအဓိက အသက်လေ OS တွေမှာလဲ ဒီလိုပါပဲ OS တစ်ခုရဲ့ အဓိကသော့ချက်က root ဆိုတဲ့နေရာပေါ့။ Android OS မှာက အဲဒီသော့ချက်ကို Android OS အသုံးပြုသူတွေ မမြင်နိုင် မသုံးနိုင်အောင် ထုတ်လုပ်သူတွေ က ကွယ်ဝှက်ထားကြတယ်။ဘာလို့ လဲဆိုတော့ သူကအသက်လေ အသုံးပြုသူတွေက တစ်ခုခုမှား လုပ်မိ ရင်(System တစ်ခုလုံးသုံးမရ)အသက်ပျောက်မှာပေါ့။ Root(rooting) လုပ်တယ်ဆိုတာက တော့ OS ရဲ့ သော့ချက်(အသက်)ကို အသုံးပြုသူ User တွေပိုင်နိုင် အသုံးပြုနိုင်အောင် စွမ်းဆောင်ခြင်းပါပဲ။
Root လုပ်ရင်ဘာကောင်းလဲ?
Root လုပ်ရင်ဘာကောင်းလဲဆိုရင်တော့ တော်တော်ကောင်းပါတယ်။ root လုပ်လိုက်တဲ့အတွက်Systemတစ်ခုလုံးကို
ကိုယ် ကလိ ခွင့်ရသွားတဲ့ အတွက် root မလုပ်ခင်ကခင်ကသုံးစွဲခွင့် မရှိတဲ့ App တွေ့ သွင်းလို့ ရမယ်။ App တွေ Games
တွေကို SD card ပေါ် မှာပြောင်း install လို့ ရမယ်။ ဖုန်းမှာပါလာတဲ့ ကိုယ် မကြိုက်တဲ့ System default App တွေဘာတွေမှန်း မသိတဲ့ တရုတ်စာတွေနဲ့  App တွေ ဖျက်လို့ ရမယ်။ ဒါ အပြင် မြန်မာဖောင့် သွင်းပြီး မြန်မာလို Massage ပို့ လို့ ရမယ်။မြန်မာ ဆိုဒ်တွေ ကြည့်လို့ ရမယ်။ အသစ်ထွက်တဲ့ Android version တွေမြှင့်လို့ ရမယ်။ ဒီလို အရာတွေ သုံးချင်တယ် ဆိုရင်တော့ Super user ရအောင် root ခြင်းက အကောင်း ဆုံး ပါပဲ ။ဒါပေမဲ့ root လုပ်ရင်တော့ Devices ရဲ့ Warranty တော့ပျက်သွားမှာဖြစ်ပါတယ်။ Warranty ပြန်ရချင်ရင်တော့ Unroot လုပ် ဒါမှမဟုတ် Original Firmware ပြန်တင်ရင်ရနိုင်ပါတယ်။
ကဲဒီလောက်ဆိုရင်တော့ အမြစ်တူးခြင်းအကြောင်းသိ ပြီထင်တယ် နော်။
ဘယ်ဖုန်းကို ဘယ်လို Root မလဲဆိုတာတော့ သက်ဆိုင်ရာ root နည်းလေး တွေ ရှာဖတ်ကြည့်လိုက်တော့နော် ။
Unroot လုပ်တယ်ဆိုတာကတော့ ဖုန်းရဲ့  Warranty ပြန်ရအောင် Root လုပ်ထားတာကိုပြန်ဖျက်ခြင်းဖြစ်ပါတယ်။
Unroot လုပ်တယ်ဆိုတာကတော့ ဖုန်းရဲ့  Warranty ပြန်ရအောင် Root လုပ်ထားတာကိုပြန်ဖျက်ခြင်းဖြစ်ပါတယ်။
thank brother
ReplyDeleteThanks for sharing :)
ReplyDelete