Monday, November 26, 2012

Huawei U8660 ကို Root လုပ်ကြမယ်....


Huawei U8660 ကို Root လုပ်ကြမယ်.....
နည်းကတော့သုံးနည်းလောက်ရှိပါတယ် အကုန်ပြပေးသွားပါမယ်
Root မလုပ်ခင်လေ့လာစရာ Link 1 Link 2

နည်းလမ်း ၁
ဒီနည်းလေး ကတော့ Bro အောင်ချမ်းလင်း(http://aclmdy.blogspot.com)ပေးတဲ့နည်းပါ။
အခုလဲကျွန်တော်ဒီနည်းလေးသုံးနေပါတယ်။ကျေးဇူးပါ ကိုအောင်ချမ်းလင်းရေ……
Recovery ကနေ update.zip နဲ့ Root နည်းပါ recovery ၀င်ရင်ဖြူနေတာကလွဲရင် အကုန်အဆင်ပြေပါတယ် ပေးထားတဲ့နည်းအတိုင်းသာသေသေချာချာလုပ်ပါအောင်မြင်ပါတယ်

အရင်ဆုံးလိုတာလေးတွေ အရင်ဒေါင်းထားလိုက်ပါ......

အရင်ဆုံးကွန်ပြူတာမှာ ADB Driver သွင်းထားလိုက်ပါ။သွင်းပြီးသားဆိုရင် အောက်ကပုံအတိုင်းပေါ်ပါမယ်။







မသွင်းရသေးရင် သွင်းနည်း ဒီမှာ ကြည့်ပါ။ကျွန်တော်ကိုယ်တွေကြုံဖူးတာက Huawei တချို့ ဖုန်းတွေမှာ ADB Driver ပါလာတတ်ပါတယ်ကွန်ပြူတာနဲ့ချိတ်တာနဲ့ အော်တိုတက်လာတယ်သွင်းစရာမလိုဘူးပေါ့ဗျာ..


1.ဖုန်းမှာ Fast boot ကို အမှန်ခြစ်ဖြုတ်လိုက်ပါ။ဖြုတ်ဖို့ Setting>>Application>>FastBoot ကိုသွားလိုက်ပါ။
2.ဒေါင်းလို့ရလာတဲ့ Recovery ဖိုင်ကိုတစ်နေရာမှာဖြည်ထားလိုက်ပါ။
3.update zip ကို SD Card အလွတ်ထဲထည့်ပြီးဖုန်းထဲထည့်ထားလိုက်ပါ။ ဖုန်းကို ပါဝါပိတ် ပြီး Battery ခဏလောက်ဖြုတ်ထား 15 စက္ကန့်လောက်နေမှပြန်တပ်လိုက်ပါ။
4.ပြီးရင် ဖုန်းမှ Vol Down နဲ့ Power ခလုတ်ကိုတွဲ နှိပ်ထားလိုက်ပါ။ 3G logo မှာရပ်နေပါလိမ့်မယ် ဖုန်းကို ကွန်ပြူတာနဲ့ချိတ်လိုက်ပါ။ ခုဏက ဖြည်ထားတဲ့ Recovery ဖိုင်ထဲက 8660 Recovery.bat လေးကို Right click နှိပ်၍ Run as Adminstrator ဖြင့် Run လိုက်ပါ။Press any key to......လာတိုင်း Enter နှိပ်ပေးပါ။ Enter နှစ်ခေါက်လာပြီး ဖုန်း Restart ကျသွားပါမယ်။မကျသွားရင် လည်းဖုန်းကို ကွန်ပြူတာမှဖြုတ်လိုက်ပါ။
ဖုန်းကို Battery ၁၅ စက္ကန့်လောက်ဖြုတ်ပြီးပြန်တပ်ပါ။
5.Vol up နဲ့ Powerကိုတွဲဖိထားပါ။ ဖုန်း Screen တဖြည်းဖြည်းဖြူရာမှ မည်းသွားချိန်တွင် Vol Down တချက်နှိပ် Power တချက်နှိပ် နောက် Vol Down ခုနှစ်ချက်နှိပ် Power တချက်နှိပ် ၅ စက္ကန့်လောက်ကြာရင် Power တချက်ထပ်နှိပ်လိုက်ပါ။ဖုန်းပြန်တက်လာပါလိမ့်မယ်။ 
App Drawer ထဲမှာ Super User ရောက်ရှိနေပြီး Root လုပ်လို့ပြီးပါပြီ။ Super user မရောက်သေးရင်အဆင့် ၅ ကိုနောက်တစ်ခေါက်ပြန်လုပ်ပါ။
မြန်မာဖောင့်ထည့်နည်း ဒီမှာ ကြည့်ပါ။
ဤနည်း အသုံးပြုနိုင်သော Devices များ>>U8660,U8650,C8800,C8650

နည်းလမ်း ၂

အခုနည်းလေးကတော့ကျွန်တော်တော့ မစမ်းရသေးပါဘူး….ဒါပေမဲ့နည်းလေးကတော့လွယ်ပါတယ် ဆိုးကျိုးလဲမရှိနိုင်ပါဘူးဘာလို့လဲဆိုတော့ အများသိကြတဲ့ unlock root ဆိုတဲ့ tool လေးကိုသုံးမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။စမ်းကြည့်ကြပါ အိုကေခဲ့ရင် Report လေးပေးကြပါ။

Driver တော့တကယ်လိုပါပြီ။
ADB Driver ရှိရင်လုံလောက်ပါတယ် ADB Driverအတွက် က ဒီမှာ
အရင်ဆုံး unlock root tool လေးကိုဒေါင်းပြီး ကွန်ပြူတာမှာသွင်းထားပါ။ ဒီမှာ ဒေါင်းလိုက်ပါ။

ဖုန်း Setting>>Application>>Development>>USB Debbug >>ON ပေးထားပါ။
နောက်ပြီးရင်တော့ Switch change ရပါမယ် အဲဒီအတွက် ဖုန်းခေါ်ရာတွင်အသုံးပြုတဲ့ Call pad / Key pad မှ *#*#2846579#*#* ကိုနှိပ်ပါ။ Project menu >> background settings >>log settings >>> log switch >>set log on ကို On ပေးလိုက်ပါ။နောက် ဖုန်းကို ကွန်ပြူတာနဲ့ချိတ်လိုက်ပါ။ Unlock root tool ကိုဖွင့်လိုက်ပါ။ Root ဆိုတဲ့ခလုတ်လေးနှိပ်ပါ အဲမှာစပါပြီ ပြဿနာ Driver မရှိခဲ့ရင် ကိုယ့်ဖုန်း နာမည်ပါတဲ့ Box တက်မလာပါဘူးတက်မလာတဲ့အတွက် ခက်ပါပြီ အဓိက က Driver ကိုသေသေချာချာသွင်းဖို့ပါပဲ။ Driver ရှိတယ်ဆိုရင် ကိုယ့်ဖုန်းနာမည်ပါတဲ့ Box လေးလာပါမယ်။အဲထဲက ကိုယ့်ဖုန်း နာမည်လေး ကိုရွေးပေးလိုက်ပါ။
သူဟာသူဆက် Run ပါလိမ်မယ့် Root successfully လို့ပေါ်လာရင် Root လို့ပြီးပါပြီ App Drawer ထဲမှာ Super user ရောက်နေပါလိမ့်မယ်။

Root လုပ်ပြီးရင် Switch ကိုပြန် Change(Off) ပါ။

နောက်ဆုံးတနည်း
နောက်ဆုံးနည်းလေးကတော့ ကျွန်တော်ကိုယ်တိုင်စမ်းသပ်ထား အဲ (စမ်းကလိထားတယ်ဆိုပိုမှန်ပါမယ်) တဲ့နည်းပါ……..ပထမဆုံးပြပေးထားတဲ့နည်းလေးနဲ့တော်တော်ဆင်ပါတယ် ပထမဆုံးပြပေးတဲ့နည်းမှာလိုပဲ Recovery ကနေ update ၀င်လုပ်ရမှာပါဒါပေမဲ့ဘာကွာလဲဆိုတော့ အခု Recovery က CWM Recovery ဖြစ်တဲ့အတွက် update နဲ့ Root မလုပ်ခင် CWM ကနေ Backup ကြိုလုပ်ထားနိုင်ပါတယ်။အောက်မှာလိုတာလေးတွေအ၇င်ဒေါင်းထားလိုက်ပါ။
Update zip ကိုတော့ ပထမနည်းကပဲယူလိုက်ပါ။

1.ဖုန်းမှာ Fast boot ကို အမှန်ခြစ်ဖြုတ်လိုက်ပါ။ဖြုတ်ဖို့ Setting>>Application>>FastBoot ကိုသွားလိုက်ပါ။
Usb Debugging ကိုလည်း ON ထားလိုက်ပါ
2.ဒေါင်းလို့ရလာတဲ့ CWM Recovery ဖိုင်ကိုတစ်နေရာမှာဖြည်ထားလိုက်ပါ။
3.update zip ကို SD Card အလွတ်ထဲထည့်ပြီးဖုန်းထဲထည့်ထားလိုက်ပါ။ CWM Recovery ကိုအရင်သွင်းပါမယ်။ CWM သွင်းဖို့နည်းနှစ်ခုရှိပါတယ်။ပထမနည်းကတော့ ဖုန်းကို ပြီးကွန်ပြူတာနဲ့ချိတ်ပါ ဖြည်ထားတဲ့ CWM ဖိုင်ထဲက Usb Debug.bat ကို Run ပေးလိုက်ပါ။သူဟာသူ Flash ပါလိမ့်မယ်။ပြီးသွားရင်တော့ CWM Recovery ရပါပြီ။နောက်ထပ်တနည်းကတော့ ဖုန်းကို ပါဝါပိတ်ပါ။ Vol Down + Power တွဲနှိပ်ပြီး 3G logo မှာရပ်နေပါလိမ့်မယ် ဖုန်းကို ကွန်ပြူတာနဲ့ချိတ်လိုက်ပါ။ ခုဏက ဖြည်ထားတဲ့ CWM Recovery ဖိုင်ထဲက Bootloader Vol-Down+Power.bat ကို Run ပေးလိုက်ပါ။ ပြီးရင်တော့ ဖုန်းကို Battery ၁၅ စက္ကန့်လောက်ဖြုတ်ပြီးပြန်တပ်ပါ။
Vol up နဲ့ Powerကိုတွဲဖိထားပါ။ CWM Recovery ထဲရောက်သွားရင်စိတ်ချရအောင် Backup လုပ်ထားလိုက်ပါ။ပြီးရင်တော့ ခုဏကထည့်ထားတဲ့ update zip ကို apply update from SD card ရွေးပေးလိုက်ပါ။ ဖုန်းကို Restart ချပေးလိုက်ပါ ပြန်တက်လာရင် App Drawer ထဲ Superuser ရောက်နေပါပြီ။
Done !

မှတ်ချက်။  ။ recovery image ကိုနှစ်သက်ရာနည်းဖြင့် flash နိုင်ပါသည်..။။။

3 comments:

  1. ရှာနေတာ အတော်ကြာပြီ တရုပ်လိုတွေ မဲမှောင်နေတာတွေဘဲရတယ်။
    အခုတော့ အဆင်ပြေသွားပြီ။ အတိုင်းအဆမရှိ ကျေးဇူးတင်ပါ၏။

    ReplyDelete
  2. အခုလိုmobile န

    ည်းပညာနဲ့ပက်သက်တဲ့အကြောင်းအရာလေးတွေတင်ပြပေးတဲ့အ
    တွက်အရန်းကိုကျေးဇူးတင်ပါတယ်

    ReplyDelete

သင်တို့ ၏ ဝေဖန်အကြံပြုမှုများ အတွက် ကျေးဇူးအထူး တင်ပါသည်။